
စာသင်ခန်းထဲတွင် “မရှိပါ” ဟူသောစကားကို ပေါလ် မကြားချင်ပါ။
“ကျွန်တော်မြန်မာနိုင်ငံမှာ ရဲသင်တန်းတွေ ပေးဖြစ်တကည်းက သင်တန်းနည်းပြတွေ က မေးစရာ မေးခွန်းရှိသေးလားလို့ မေးလိုက်တိုင်း “မရှိပါ ” လို့ လူ၁၇၀ လောက်က တစ်သံတည်း တစ်ပြိုင်တည်း ပြန်ဖြေကြတယ်”
သင်တန်းဆရာတစ်ယောက်အနေနှင့် ပေါလ်က သူ့သင်တန်းသားများကို မေးခွန်း များ မေး စေချင်သည်။ သူတို့ကို နားလည်စေချင်ပြီး သူတို့ကိုယ်တိုင် တွေးတော ခြင်းက ပြည်သူလူထု ရဲလုပ်ငန်းအတွက် အရေးပါသည့် အဓိက အချက်များထဲမှ တစ်ခုဖြစ်
သည်။ သူ့အနေနှင့် MYPOL၏ သုံးပါတ်တာ ပြုလုပ်သည့် ပြည်သူဗဟိုပြု ရဲလုပ်ငန်းသင်တန်း၏ အဓိက အချက်တစ်ခုဖြစ်သည့် စိတ်ခံစားမှု ဆင်ခြင်နိုင်စွမ်းကို နားလည်စေရန် လူတစ်ဦးချင်း စီ အဆင့်တွင် ရဲလုပ်ငန်းဆောင်ရွက်ပုံမှာ အရေးပါကြောင်း ယုံကြည်သည်။ ယင်းမှ တစ်ဆင့် ရဲအရာရှိများအနေနှင့် ပြည်သူများနှင့် လူ့အသိုင်းအ၀ိုင်းထဲရှိ ၄င်းတို့၏ လုပ်ဖော် ကိုင်ဖက်များအကြား မည်သို့ ပူးပေါင်းဆောင်ရွက် နိုင်မည်ကို သိမြင်လာမည်ဖြစ်သည်။
သို့သော် သင်တန်းသားများ၏ မြင်နေကျ အမြင်များ၊ အတွေးခေါ်များကို ပြော င်း လဲရန်မှာ ခက်ခဲကြောင်း သူသိပါသည်။ ထို့အပြင် သူ့အနေဖြင့် သင်တန်းများကို အရှေ့ ဥရောပမှ မြောက်အာဖရိက၊ အရှေ့အလယ်ပိုင်းမှ မြန်မာအထိ ပြုလုပ်ပေးခဲ့ပါသည်။ သူ့အတွက် တော့ မြောက်အိုင်ယာလန် ရဲတပ်ဖွဲ့တွင် ၃၂ နှစ်တာဝန်ထမ်းဆောင်ခဲ့သည့် အတွေ့အ ကြုံများကို အခြားသူများဆီသို့ ဝေမျှ ရန်ယူဆောင်လာခြင်းဖြစ်သည်။
ပြည်သူဗဟိုပြု ရဲလုပ်ငန်းအနေနှင့် ရဲဝန်ထမ်းများကို ပြည်သူလူထုနှင့် သူတို့အချင်းချင်း ကြားတွင် သူတို့ကိုယ်သူတို့  ၀န်ဆောင်မှုတစ်ခုအဖြစ် မည်သို့ မြင်နိုင်သည်ကို နားလည် စေရန်သူအမြဲ ကြိုးစားပါသည်။ ပိုမို အရည်အချင်းပြည့်စုံသည့်မြန်မာနိုင်ငံရဲတပ်ဖွဲ့အဖြစ် တိုးတက်လာစေရန် စာသင်ခန်းထဲက အရည်အချင်းသစ်များနှင့် စွမ်းရည်သစ်များကို လုပ်ငန်းခွင်ထဲသို့ ကူးပြောင်းနိုင်မည်ဟု သူ ယုံကြည်ပါသည်။
သို့ဖြစ်ရာ သင်တန်းသားများကို ဟောပြောပို့ချယုံတင် မဟုတ်ဘဲ ရဲအရာရှိများကို မတ်တပ်ရပ်စေခြင်း၊ လုပ်ငန်းတာဝန်များပေးခြင်း၊ ကိုယ်တိုင်ပါဝင်ကာ ဇာတ်လမ်း ဇာတ်ကွက်များ ပြုလုပ် စေခြင်းဖြင့် တတ်နိုင်သမျှ လက်ဆင့်ကမ်းသင်ပေးပါသည်။
ထိုအရာအားလုံး အခြေခံကို ပေါလ်က ခုလို ပြောပါသည်။ “ ငါကြားတယ်၊ ငါမေ့တယ်။ ငါမြင်တယ်၊ ငါ မှတ်မိတယ်။ ငါလုပ်တယ်၊ ငါနားလည်တယ် ”