မတ်ခ် မှာ ပုံမှန်အားဖြင့် သူငယ်ချင်းနှင့် အလုပ်အကြောင်း ပြောလေ့မရှိပေ။ နှိမ့်ချ နေရန် ကြိုးစားလေ့ရှိသည်။ ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်းကျေနပ်စရာကောင်းသည့် အံ့အားသင့်စရာ တစ်ခုရှိခဲ့သည်။ သူ ဖေ့စ်ဘွတ်ခ်တွင် ရဲဝန်ထမ်းနှင့် လူတစ်စုတို့ ဓါတ်ပုံတစ်ပုံကို တွေ့လိုက်ရသည်။ သူ့ သူငယ်ချင်းတစ်ယောက် တင်ထားသည့် ပုံဖြစ်ပြီး စာတွင် “ ဒီနှစ်ထဲ ရဲတွေက ပြည်သူတွေနဲ့ အရမ်းရင်းနီးလာတယ်။ ကြည့်ရတာ သူတို့ ချဉ်းကပ်ပုံ ပြောင်းဖို့ ကြိုးစားနေတယ်ထင်တယ်။ ” ဟု ရေးသားဖော်ပြထားသည်။ မတ်ခ် အတွက်တော့ ဒါဟာ သူ မြန်မာရဲတပ်ဖွဲ့နဲ့အတူလုပ်နေတယ်ဆိုတာကို စပြီး ဖော်ပြဖို့ အချိန်ရောက်လာပါသည်။ အဲဒီအခြေနေက သူ့ကို ပျော်ရွှင်စေပါသည်။

“ ပြည်သူဗဟိုပြု ရဲလုပ်ငန်းဟာ MYPOL ရဲ့ လုပ်ငန်းတွေ ထဲက သိပ်ကောင်းတဲ့ သင်တန်းတစ်ခုပါ။ ” ဟု သူကဆိုသည်။ “တိုင်းပြည်တွင်းမှာပြောင်းလဲဖို့ဆို ရဲဝန်ထမ်းတွေဟာ စခန်းထဲကနေ ထွက်လာပြီး လူ့အဖွဲ့အစည်းနဲ့ တွေ့ဆုံနိုင်ပါတယ်”

မတ်ခ်တွင် ပြီးခဲ့သည့် စီမံကိန်း စမ်းသပ်ကာလအတွင်း အတွေ့ကြုံကောင်းများစွာရှိပြီး ယခု MYPOL ၏ ၅နှစ် စီမံကိန်း တရားဝင် ပြုလုပ်လာနိုင်သည့်အခါ ဒီအောင်မြင်မှု တွေမှာ သူဟာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာ ရှင်းလင်း မြင်သာပါသည်။ စကားအနေနှင့်ပြောရလျှင် သူဟာ အဖိုးတန်သူ တစ်ယောက်ဖြစ်ပါသည်။

ပြည်သူဗဟိုပြုရဲလုပ်ငန်းသင်တန်း သုံးပါတ်တာအတွင်းမှာ မတ်ခ်ဟာ သင်တန်းဆရာ ပြောနေသည်များကို အချိန်ကိုက် ဘာသာ ပြန်ပေးနေပြီး သင်တန်းသားများ၏ မေးခွန်း များကိုလည်း တစ်လှည့် ဘာသာပြန်ပေးပါသည်။ သူဟာ မမောမပန်းနိုင်ဘဲ နောက်ကွယ်ကနေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ လိုအပ်သည့် သင်တန်းနှင့် ပတ်သက်သည့် သတင်းအချက်လက်များအားလုံးကို သေချာရစေနိုင်ဖို့လည်း ဆောင်ရွက်ပေးပါသည်။

သူ့အတွက်တော့ ဒါတွေအားလုံး ဟာ ထိုက်တန်ပါတယ်။ “ ကျွန်တော့ကိုလည်း အမြင်ကျယ်စေပါတယ်” ဟု သူကဆိုသည်။ “ရဲတွေနဲ့ အတူ အလုပ်လုပ်ရတာ၊ သူတို့ကိုပြောရတာနဲ့ သူတို့ သင်ကြားခဲ့ရတာတွေကို ပြန်အသုံးချဖို့ ဘယ်လောက် စိတ်လှုပ်ရှားစရာကောင်းကြောင်း တွေ နားထောင်ရတာ သိပ်ကိုကောင်းပါတယ်။ ”