Frances က ပြည်သူဗဟိုပြု ရဲလုပ်ငန်းအကြောင်းကို သိပါသည်။ မြောက်အိုင်ယာလန် ရဲတပ်ဖွဲ့ တွင် ၃၁နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ရဲအရာရှိ တစ်ယောက် အနေဖြင့် ကွဲပြား ခြားနားလာသည့် အခြေနေများကို ကိုယ်တွေ့ မြင်ခဲ့ကြုံခဲ့ရပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်က မြောက်အိုင်ယာလန်ရဲတပ်ဖွဲ့မှာ ပြည်သူလူထု
ယုံကြည်မှုကို မရရှိခဲ့ပေ။ Francesက ခုလို ပြောပြပါသည် “ကျွန်မတို့ ဆုံးရှုံးခဲ့ပါတယ်”။
နေ့စဉ် နေ့တိုင်းလိုလို သူမ၏ လုပ်ဖော်ကိုင်ဖက် ရဲအရာရှိတွေ အသတ်ခံရပါသည်။ အခြေအနေတွေကို ပြောင်းလဲနိုင်ရန် တစ်ခုခုလုပ်ဖို့ လိုအပ်လာပြီး ပြည်သူဗဟိုပြု ရဲလုပ်ငန်းဟာ ယင်းအတွက် အဖြေတစ်ခု ဖြစ်ခဲ့ပါသည်။ မြောက် အိုင်ယာလန်မှ ရဲဝန် ထမ်းများမှာ သူတို့၏ သံချပ်ကာယာဉ်များနောက်မှ ထွက်လာခဲ့ကြပြီး ပြည်သူလူထု၏ အသံများကို စတင်နားထောင်လာခဲ့ကြသည်။ ယင်းမှာ အလုပ်ဖြစ်ခဲ့ပါသည်။ ပြည်သူလူ ထုက ရဲဝန်ထမ်းများကို နေ့စဉ် မြင်တွေ့လာချိန်တွင် စတင်ယုံကြည်လာပါသည်။ ယင်း ယုံကြည်မှု တိုးလာသည်နှင့်အမျှ လူတိုင်းအတွက် လုံခြုံရေးကိုလည်း
လုပ်ဆောင်နိုင်ခဲ့ပါသည်။
ယခုအချိန်မှာတော့ Frances မှာ မြောက်အိုင်ယာလန် Co-operation Overseas (NICO) အဖွဲ့တွင် အလုပ်လုပ်ကိုင်နေပြီး၂၀၁၃ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကို ပြည်သူဗဟိုပြု ရဲလုပ်ငန်းစဉ် သင်တန်းအတွက် အကူညီပေးနေပါသည်။

သူမအနေနှင့် မြန်မာရဲတပ်ဖွဲ့ ယနေ့ ရုန်းကန် ရင်ဆိုင်နေရသည့် ကိစ္စရပ်များနှင့် မြောက်အိုင်ယာလန်ရဲတပ်ဖွဲ့ ရင်ဆိုင်ခဲ့ရသည်များမှာ ဆင်တူကြောင်း တွေ့မြင်နေရပါ သည်။ ထို့ကြောင့် သူမ ဒီနိုင်ငံမှာ အကူအညီပေးဖို့ ရောက်ရှိလာခြင်း ဖြစ်ပါသည်။

“ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် ဆက်နွယ် ပတ်သတ်နေတယ်ဆိုတာ ကျွန်မ သိပါတယ်။” ဟု သူမက ပြောကြားသည်။

“မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လုပ်ဆောင်နိုင်မယ်ဆိုတာလည်း ကျွန်မသိပါတယ်”

မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ခေတ်မီ အဖွဲ့စည်းတစ်ခုဖြစ်လာဖို့ MYPOL၏ ကူညီပေးရာမှာ သူမ အတွေ့ကြုံများဟာ အလွန်အရေးပါလှပါသည်။ Frances ၏ ပြည်သူဗဟိုပြု ရဲလုပ်ငန်း ဆိုင်ရာ အသိပညာ ဗဟုသုတများအပေါ် အခြေခံပြီး MYPOL မှ အဆိုပါ အရည်အ ချင်းများအားလုံးကို မြန်မာနိုင်ငံတ၀ှမ်းက ရဲဝန်ထမ်းများကို သင်ကြားပေးရန် စီစဉ်နိုင်ခြင်း ဖြစ်ပါသည်။

“ ပြည်သူဗဟိုပြုတဲ့ ရဲဝန်ထမ်းတစ်ယောက်ဖြစ်လာဖို့ဆိုတာ ရဲဝန်ထမ်းတိုင်းလုပ် ဆောင်ရမှာပါ။ ဒါဟာ အဖွဲ့အစည်းရဲ့ ပဲ့တင်သံ ဖြစ်သင့်ပါတယ်။ ”

Frances အတွက်တော့ ဒီအလုပ်ကပင်ဆုလဒ်တစ်ခုဖြစ်နေပြီး ဖြစ်နေသည်။ မြန်မာပြည်သူလူထုကလည်း မယုံနိုင်လောက်အောင်ကြိုဆိုကြပြီး ပြည်သူနှင့် ရဲဝန်ထမ်း နှစ်ဖက်လုံး၏ ပြောင်းလဲချင်သော စိတ်ဆန္ဒမှာ စစ်မှန်တဲ့ လှုံ့ဆော်မှုပင် ဖြစ်ကြောင်း သူမက ပြောကြားလိုက်ပါသည်။