လူစုလူဝေး ထိန်းသိမ်းခြင်းဆိုင်ရာ ရဲလုပ်ငန်းစဉ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေသည့်အခြေနေကို စီမံခန့်ခွဲခြင်း တစ်ခုတည်းကို မဆိုလိုပါ။ လူစုလူဝေး ပုံစံများစွာရှိပြီး တစ်ခါတရံ ဆန္ဒပြသည့်လူအုပ်စုမှာ လူစုလူဝေးဖြစ်သော်လည်း ယေဘုယျအားဖြင့် ၅ယောက်သို့မဟုတ် ၅ယောက်ထပ်ပိုသည့် လူများက အများပြည်သူပိုင်နေရာတစ်ခုတွင် စုဝေးနေသည်မှာ လူစုလူဝေးပင်ဖြစ်သည်။ ဆယ်ကျော်သက်များ ပန်းခြံထဲတွင် ပျော်ပွဲစားထွက်နေခြင်း၊ ဈေးတွင် အမျိုးသမီးအဖွဲ့လိုက်စကားပြောနေကြခြင်း တို့လည်း ပါဝင်နေသည်။ ထို့ပြင် ယင်းလူစုလူဝေး အရွယ်အစား ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ၄င်းတို့အတွက် လုံခြုံနေရေးနှင့် အစီစဉ်ကျသည့် အထူးရဲလုပ်ငန်းများ လိုအပ်နေသည်။

ထို့ကြောင့်ပင် လူစုလူဝေး စနစ်တကျ စီမံထိန်းသိမ်းခြင်းမှာ MYPOL လုပ်ဆောင်နေသည့် ပင်မ လုပ်ငန်များထဲမှ တစ်ခုအပါအ၀င်ဖြစ်နေသည်။ ကျွန်ုပ်တို့၏ ပန်းတိုင်မှာ ရဲဝန်ထမ်းများ အနေနှင့် မြန်မာနိုင်ငံသားတို့၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို လေးစားခြင်းနှင့်အတူ လူစုလူဝေးနှင့် လုံခြုံစွာ အပြန်လှန်ဆက်ဆံပြုမူနည်းကို သင်ယူရာတွင် ကူညီပေးဖို့ပင် ဖြစ်သည်။ ယင်းသို့ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လူစုလူဝေး စနစ်တကျ စီမံထိန်းသိမ်းခြင်းသင်တန်းကို ပေးနေခြင်းဖြစ်သည်။

နောက်ဆုံး သင်တန်းကို ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက ရန်ကုန်မြို့ တွင် ကျင်းပခဲ့ပါသည်။ လူစုလူဝေး စီမံထိန်းသိမ်းခြင်းအတွက် MYPOL ၏ အဓိက ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ စပိန်မှ ရဲအရာရှိတစ်ဦးလည်း ဖြစ်သည့် Spanish National Police Superintendent Julio Bueno က မြန်မာနိုင်ငံ ရဲ ၁၅၀ ဦးကို လူစုလူဝေး စီမံထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာများ၊ နည်းဗျူဟာများကို အာရုံစိုက်လာစေရန် သင်တန်းသို့ စုစည်းခဲ့ပါသည်။ သင်တန်းသားများမှာ နိုင်ငံတစ်ဝှမ်းတွင် တာဝန်ထမ်းဆောင်နေသည့် ရာထူးအမျိုးမျိုးဖြင့် သင်တန်းသားများ ဖြစ်ပါသည်။

၎င်းတို့ထဲမှ အယောက် ၃၀မှာ ပြီးခဲ့သည့် MYPOL သင်တန်းများတွင် တက်ရောက်ခဲ့ပြီး ယခုသင်တန်းတွင် နည်းပြများအဖြစ်နှင့် ၄င်းတို့၏ အသိပညာများကို ပြန်လည်အသုံးချနေကြပြီဖြစ်ပါသည်။ ယင်းမှာ MYPOL စီမံကိန်းအတွက် အရေးကြီးသည့်အပိုင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့က ရဲများကို သင်တန်းပေးလိုက်ပြီး သင်တန်းတက်ပြီးသူများက အခြားရဲများကို ပြန်လည် သင်ကြားပေးရန်ပင်ဖြစ်သည်။

ရဲ လှည့်ကင်း အဖွဲ့များကဲ့သို့ အဖွဲ့ငယ်များမှာ ပြည်သူလူထုနှင့် အဓိက အပြန်လှန်ထိတွေ့ဆက်ဆံနေရသည့် အဖွဲ့များ ဖြစ်သည်။ ထို့ကြောင့် သင်ခန်းစာအများစုမှာ ယင်းအဖွဲ့ငယ်များ လူစုလူဝေးအပေါ် ကောင်းမွန်စွာ စနစ်တကျ စီမံထိန်းသိမ်းခြင်းများ လုပ်ဆောင်ခြင်းကို အဓိက အာရုံစိုက်ထားပါသည်။ သင်တန်းသားများအနေ နှင့် ကုလသမ္မဂ္ဂ၏ စံနှုန်းများနှင့် အထက်ပါ အခြေနေများကို လက်တွေ့ကျကျအကောင်းဆုံး လေ့လာခဲ့ကြပါသည်။

သင်တန်းတွင် အခြားခေါင်းစဉ်များအဖြစ် ဖမ်းဆီးနည်း၊ ချုပ်နှောင်ခြင်း နည်းလမ်းများ၊ အခင်းဖြစ်ပွားရာ နေရာအား ကာကွယ်ခြင်း၊ လျှင်မြန်စွာ တပ်ဖြန့်ခြင်း နှင့် ဒဏ်ရာရသူအား ပြုစုကုသခြင်းတို့ ပါဝင်သည်။

ယခု သင်တန်းမှာ Superintendent Julio Bueno ဦးဆောင်ပြုလုပ်သည့် တတိယအကြိမ်မြောက် လူစုလူဝေး စီမံထိန်းသိမ်းခြင်း သင်တန်းဖြစ်ပြီး MYPOL နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ သဘောတူညီချက်အရ ကျန်နေသည့် ၄နှစ်တာ စီမံကိန်းကာလအတွင်း သင်တန်းများဆက်လက် ဖွင့်လှစ်သွားရန်လည်း စီစဉ်ထားသည်။