မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို အောက်တိုဘာလ ၁ ရက်နေ့က နေပြည်တော်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကြီးမှုး ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားနှင့် ညစာစားပွဲများသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စွမ်းရည်မြှင့်တင်ရေး စီမံကိန်း (MYPOL) မှ ခေါင်းဆောင်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် စီမံကိန်းတွင်တာဝန်ရှိသော EU ကိုယ်စားလှယ် အဖွဲ့ဝင်တို့ ဖိတ်ကြားခံခဲ့ရပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ခေါင်းဆောင်များက MYPOL အဖွဲ့ ကို နွေးထွေးစွာ ကြိုဆိုလက်ခံကြပြီး နှစ်ဖက်မိတ်ဖက် အဖွဲ့စည်းနှစ်ခုအတွက် ဆက်ဆံရေးပိုမိုခိုင်မာလာစေသည့် အခွင့်ရေးကောင်းများ ရရှိခဲ့သည့် ညနေခင်း ဖြစ်ခဲ့ပါသည်။ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်း များနှင့် တွေ့ဆုံခွင့်ရသည့် အခွင့်လမ်းကောင်းလည်းဖြစ်ခဲ့ပါသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ရဲချုပ် အောင်ဝင်းဦး တို့က အမှာစကားများ ပြောကြားခဲ့ပါသည်။ ဒု သမ္မတအနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက်များကို ရှင်းလင်း ပြောကြား သွားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် တိုးတက်လာစေရန် လုပ်ဆောင်ပေးနေသည့် MYPOL ၏ လုပ်ဆောင်ချက်များကိုလည်း အသိမှတ်ပြုပြောကြားခဲ့ပါသည်။

ယင်းနေ့တွင် ရဲတပ်ဖွဲ့ သင်တန်းများအကြောင်း ခင်းကျင်းပြသဖြင်း၊ ကျဆုံးသွားသော ရဲတပ်ဖွဲ့ဝင်များကို ဂုဏ်ပြုခြင်းနှင့် ရဲလုပ်ငန်းစဉ် အမျိုးမျိုးကိုလည်း ခင်းကျင်းပြသထားပါသည်။

အဆိုပါ အခမ်းအနားသို့ MYPOL အဖွဲ့မှ အဖွဲ့ခေါင်းဆောင် Ricardo Carrasco အပါအ၀င် ဒုတိယ အဖွဲ့ခေါင်းဆောင် Azucena Martinez၊ တာဝန်ခံ ကျွမ်းကျင်ပညာရှင် Everett Summerfield၊ Oliver Janser ၊ Petter Olofsson၊ Cornelius Friesendorf ၊ Manuel Briquet ၊ ပြည်တွင်းအကြံပေးပုဂ္ဂိုလ် ဦးခင်မောင်သွင် နှင့် ဦးမြင့်သိန်း၊ EUD စီမံကိန်း မန်နေဂျာ Anouk Van Neck တို့လည်း တက်ရောက်ခဲ့ကြပါသည်။