MYPOL အဖွဲ့ဝင်များအနေဖြင့် မေလ (၈) ရက်နေ့က နေပြည်တော်တွင်ကျင်းပသည့် (၆၈) နှစ်မြောက် Schuman Declaration ကိုဂုဏ်ပြုသည့် ဥရောပသမဂ္ဂနေ့ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားကို ဥရောပသမဂ္ဂသံအမတ်ကြီး Kristain Schmidt က ကြီးမှူးကျင်းပပြီး ဥရောပသမဂ္ဂက ငွေကြေးထောက်ပံ့ထားသည့် စီမံကိန်းများမှ ဓါတ်ပုံများ၊ သတင်းအချက်အလက်များကို ခင်းကျင်းပြသထားပါသည်။

 

အဆိုပါ ညနေခင်းတွင် ဥရောပသမဂ္ဂသံအမတ်ကြီး နှင့် ပြည်ထောင်စုအစိုးရရုံးဝန်ကြီး ဦးသောင်းထွန်းတို့ မိန့်ခွန်း ပြောကြားခဲ့သည်။ ၀န်ကြီး၏ အမှာစကားတွင် MYPOL စီမံကိန်းကို ထည့်သွင်းပြောကြားသွားသည်။ ထို့အပြင် ဥရောပသမဂ္ဂနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိလာသည့် သိသာထင်ရှားသောရလဒ်များကိုလည်း ပြောကြားသွားပါသည်။ ထို့နောက် လူစုလူဝေးစနစ်တကျ ကိုင်တွယ်ထိန်းသိမ်းခြင်းနှင့် ပြည်သူဗဟိုပြုရဲလုပ်ငန်းစဉ်သင်တန်းများကို ရဲအရာရှိများတက်ရောက်ခဲ့သည့် အကြောင်းလည်း ဖော်ပြထားပါသည်။ အကျိုးရလဒ်အဖြစ် ရဲတပ်ဖွဲ့အပေါ်တွင် ပြည်သူလူထု၏ ယုံကြည်မှုများ တိုးပွားလာကြောင်းလည်း ပြောကြားသွားခဲ့သည်။