Crowd Management Training Support to the Reform of the Myanmar Police Force

မြန်မာနိုင်ငံရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအတွက် လူစုလူဝေးအား စနစ်တကျကိုင်တွယ်ထိန်းသိမ်းမှုသင်တန်း အကူအညီ

MYPOL ၏ လူစုလူဝေးအားစနစ်တကျကိုင်တွယ်ထိန်းသိမ်းမှုဆိုင်ရာ ဆောင်ရွက်မှုနယ်ပယ်ဘောင်အ တွင်းတွင် လူစုလူဝေးအား စနစ်တကျကိုင်တွယ်ထိန်းသိမ်းမှု မွန်းမံနှင့် နည်းပြသင်တန်းအား ရန်ကုန်ရှိ ရဲလေ့ကျင့်ရေးနေရာဌာနတွင် ဇွန်လ (၁၉)ရက်မှ (၃၀)ရက်နေ့အထိ ပြုလုပ်ပေးခဲ့ပါသည်။ လူစု လူဝေးအားစနစ်တကျကိုင်တွယ်ထိန်းသိမ်းခြင်းကဏ္ဍမှ ပင်တိုင်ကျွမ်းကျင်ပုဂ္ဂိုလ်၏ လမ်းညွှန်မှု အောက်တွင် နိုင်ငံတကာမှ သင်တန်းဆရာ (၆)ဦးတို့က လူစုလူဝေးစနစ်တကျကိုင်တွယ်ထိန်းသိမ်း ပုံအခြေခံနှင့် အထူးသီးသန့်သင်တန်းဖြစ်သည့် ချက်ခြင်းလှုပ်ရှား၍အမြန်ရွှေ့လျားဖြန့်ကျက်ကိုင်တွယ် မှုဆိုင်ရာ (IARD) နည်းစနစ်များကို နိုင်ငံအ၀ှမ်းရှိ ရဲဌာနများမှ သင်တန်းသား (၄၅)ဦးတို့အား ပို့ချပေး ခဲ့ပါသည်။
မကြာသေးခင်ကပြုစုထားသည့် သင်ခန်းစာအစီအစဉ်အပေါ်အခြေခံ၍ များမကြာသောနှစ်များအ တွင်းက ဥရောပအတွင်း ရဲလေ့ကျင့်ရေးကဏ္ဍတွင် မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်လာသည့် အထူး (IARD) သင်တန်းက ရဲအဖွဲ့များအတွက် အမျိုးမျိုးပုံစံရှိသည့် လူစုလူအုပ်များနှင့် ပြည့်သူလူထုတစ်ရပ် လုံး၏ ဘေးကင်းလုံခြုံမှုအား ထိခိုက်သက်ရောက်မှုရှိသည့် အခြေအရပ်ရပ်တို့ကို ကိုင်တွယ်ထိန်းသိမ်း နိုင်ရန် ပြင်ဆင်လေ့ကျင့်ပေးရန် ရည်ရွယ်ထားပါသည်။ နာရီပေါင်း (၁၀၀) အချိန်ယူသည့် သင်တန်း တွင် စာတွေ့နှင့် လက်တွေ့ပိုင်းဆိုင်ရာ သင်ခန်းစာများပါရှိပါသည်။ သင်တန်းအတွက် သင်ခန်းစာကို လူ့အခွင့်အရေးရှုထောင့်ဖြင့် အမြင့်မားဆုံးသောနိုင်ငံတကာစံနှုန်းများအပေါ် အခြေခံလိုက်နာ၍ ထုတ်နှုတ်ရေးဆွဲထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် စာတွေ့သင်ခန်းစာများသည် လူစုလူဝေးထိန်းသိမ်း မှုဆိုင်ရာ အင်အားအသုံးပြုခြင်းအတွက် ဥပဒေစည်းမျဉ်းများနှင့် လူ့အခွင့်အရေးစံနှုန်းများအပေါ်တွင် ပိုမိုသိရှိနားလည်လာစေမည်ဖြစ်ပါသည်။
MYPOL စီမံကိန်းသက်တမ်းတစ်လျောက်အတွင်း ဆောင်ရွက်ဖော်ဆောင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရှိ ပြည်နယ်များအားလုံးနှင့် တိုင်းဒေသကြီးအားလုံးရှိ ရဲအဖွဲ့များကို အကျိုးကျေးဇူးဖြစ်စေမည့် နည်းပြ ဆရာများလေ့ကျင့်ပေးရေး အစီအစဉ်တွင် အစိတ်အပိုင်းအဖြစ်ပါဝင်လာမည့်သူများမှာ ရွေးချယ်ခံရ သည့် သင်တန်းသားများပင်ဖြစ်ပါသည်။