-
စီမံကိန်းကာလ
၂၀၁၆ ဒီဇင်ဘာလ မှ ၂၀၂၁ ဒီဇင်ဘာလအထိ
-
ဘတ်ဂျက်
ယူရိုငွေ သန်း (၃၀)
-
အလှူရှင်
ဥရောပကော်မရှင် (The European Commission)
-
တည်နေရာ
စီမံကိန်းရုံးများ (ရန်ကုန်နှင့် နေပြည်တော်)၊ လုပ်ငန်းဆောင်ရွက်မည့်နယ်ပယ်အတိုင်းအတာ
(မြန်မာတစ်နိုင်ငံလုံးအနှံ့) -
အကောင်အထည်ဖော်ဆောင်ရွက်မည့်
အဖွဲ့အစည်းများFIIAPP (စပိန်နိုင်ငံ)၊ CIVIPOL (ပြင်သစ်နိုင်ငံ)၊ GIZ(ဂျာမဏီနိုင်ငံ)၊ DCAF (ဆွစ်ဇာလန်နိုင်ငံ) နှင့် NI-CO (မြောက်အိုင်ယာလန်)
-
သက်ဆိုင်ရာ
အဓိကအဖွဲ့အစည်းများမန်မာနိုင်ငံရဲတပ်ဖွဲ့ (MPF)၊ ပြည်ထဲရေးဝန်ကြီးဌာန (MoHA)၊ လွှတ်တော်|ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ လူမှုအဖွဲ့အစည်းများ (CSOs)၊ နှင့် သတင်းမီဒီယာ။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ပြုပြင်ပြောင်းလဲရေးအား MYPOL က ထောက်ကူပေးလျက်ရှိပါသည်။
ယခုစီမံကိန်းသည် ထိရောက်မှုရှိပြီး စွမ်းဆောင်ရည်ကောင်းမွန်သော တာဝန်ခံမှုရှိသော ရဲဌာနအဖွဲ့အစည်း အဖြစ်သို့ ရောက်ရှိစေရန် ဦးတည်ထားပါသည်။ နိုင်ငံတကာစံနှုန်းများနှင့်ညီအောင်ဆောင်ရွက်ပြီး လူ့အခွင့်အ ရေးအား လေးစားအလေးထားသည့် ခေတ်မီသည့်ရဲတပ်ဖွဲ့အဖြစ် ဖော်ဆောင်ရန်မှာ မိမိတို့၏ ရည်မှန်းချက်ပန်း တိုင်ပင် ဖြစ်ပါသည်။
ရဲတပ်ဖွဲ့ဝင်တို့၏ ဆောင်ရွက်မှုပုံစံနှင့် ရဲတပ်ဖွဲ့ဝင်တို့အား လေ့ကျင့်ပေးပုံတို့ကို တိုးတက်စေခြင်းအားဖြင့်
အဆိုပါအနေအထားကို ရရှိမည်ဖြစ်ပါသည်။ MYPOL ကျွမ်းကျင်ပညာရှင်များက လူ့စွှမ်းအားအရင်းအမြစ်စီမံ
ခန့်ခွဲ့မှုအား ခိုင်မာစေရန်နှင့် လေ့ကျင့်သင်ကြားမှုသင်ရိုးညွှန်းတမ်းကို ပြန်လည်သုံးသပ်မှုတို့အတွက် အကူအညီ
ပေးအပ်ပါသည်။
ထို့ပြင်
ပြည်သူဗဟိုပြုရဲလုပ်ငန်းစဉ်
မှုခင်းစုံစမ်းဖော်ထုတ်ခြင်း
လူစုလူဝေးအားစနစ်တကျကိုင်တွယ်ထိန်းသိမ်းခြင်း
စသည့် အဓိကနယ်ပယ်သုံးခုအတွင်းတွင် လူ့အခွင့်အရေးစံနှုန်းများနှင့် ကျား-မ ဆိုင်ရာအသိအမြင်ရှိခြင်းတို့အ
ပေါ် အလေးပေးထားသည့် ၀န်ဆောင်မှုရှေ့ရှုသည့်ရဲအဖွဲ့အစည်းပုံစံ ပိုမိုပီပြင်လာစေရန် မိမိတို့က ပါဝင်ကူညီပေး
ပါသည်။
ခေတ်မီသောရဲအဖွဲ့အစည်းတစ်ခုဆီသို့တက်လှမ်းရန် ပြည်သူတို့သည် အခရာ
ရေရှည်ဖြစ်မြောက်စေရန်၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အနေဖြင့် တရားဥပဒေမှုဘောင်နှင့် လူထုနှင့်ထိတွေ့မှု ဆိုငရ်ာတ့ကို လို ည်း ဆောင်ရွက်ပေးပါသည်။ မြန်မာနိုင်ငံအတွင်း ရဲလုပ်ငန်းအတွက် ခေတ်နှင့်လျော်ညသီ ည့် တရားဥပဒေမူဘောင်ကို ဖော်ဆောင်ပေးရန် မိမိတို့က အထောက်အကူပေးပါသည်။ ခေတ်မီသည့်ရဲလုပ်ငန်း အဖြစ် အောင်မြင်ရရှိရန် ပြည်သူလူထုအနေဖြင့် အဓိကအခန်းကဏ္ဍတစ်ရပ်မှ ပါဝင်လျက်ရှိပါသည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းဌာနများ၊ သတင်းမီဒီယာနှင့် လူမှုအဖွဲ့အစည်းတို့အကြားရှိ ဆက်ဆံရေးကို ခိုင်မာစေခြင်းကိစ္စမှာ မိမိတို့လုပ်ငန်းအစီအစဉ်တွင် ထိပ်ဆုံးနေရာမှ ပါဝင်လျက်ရှိပါသည်။
