Myanmar Delegation to the FIIAPP during its visit to Madrid.

မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့၏ Madrid မြို့သို့ ခရီးစဉ်အတွင်း FIIAPP သို့သွားရောက်မှု

“မြန်မာနိုင်ငံရှိရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းအားထောက်ကူပေးရေး” ဆိုသည့် MYPOL ၏ စီမံ ကိန်းခရီးပေါက်ရောက်မှုမှာ အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံကကိုယ်စားလှယ်အဖွဲ့က Madrid သို့ ရန်ကုန်တိုင်းဒေသကြီး၏ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဦးဆောင်မှုဖြင့် သွားရောက်ခဲ့ခြင်း အားဖြင့် အထင်အရှားဖြစ်ခဲ့ပါသည်။
FIIAPP က တာဝန်ယူဆောင်ရွက်ပြီး ဥရောပသမ္မဂက ငွေကြေးထောက်ပံ့ပေးသည့် ယခုစီမံကိန်းသည် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေကြသော အဖွဲ့အစည်း များအနေဖြင့် နိုင်ငံတကာအကောင်းဆုံးအလေ့အထများနှင့် လူ့အခွင့်ရေးအား လေးစားအလေးထားမှု အပေါ်အခြေခံကာ ပို၍ ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ပြီး ဟန်ချက်ညီညီဖြင့် လုပ်ငန်းပိုင်းဆိုင်ရာစွမ်း ရည်ပြည့်ဝသော ဆောင်ရွက်ပုံနည်းလမ်းတို့အတွက် အထောက်ကူဖြစ်စေရန် ရည်မှန်းထားပါသည်။
စီမံကိန်းသက်တမ်း (၅)နှစ်စာအတွက် ယူရိုငွေ သန်း (၃၀) ဘတ်ဂျက်ဖြင့် ၂၀၁၆ ဒီဇင်ဘာလတွင် စီမံကိန်းစတင်ခဲ့ပြီး စပိန်နိုင်ငံအမျိုးသားရဲတပ်ဖွဲ့မှ ကျွမ်းကျင်သူများနှင့် လုပ်ငန်းဖော်ဆောင်ဖက် (၄)ဖွဲ့ဖြစ်သည့် (GIZ၊ DCAF၊ NI-CO နှင့် Civi.pol Conseil) တို့အားဖြင့် အကောင်အထည်ဖော် ဆောက်ရွက်လျက်ရှိပါသည်။
အထက်ပါခရီးစဉ်က နိုင်ငံအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုခိုင်မြဲလာစေရန် အခွင့်အရေးအသစ် တစ်ခုအား ဖြစ်စေပြီး နိုင်ငံနှစ်နိုင်ငံစလုံး၏ အလားအလာရှိသော အကျိုးစီးပွားကိုဖော်ထုတ်ပေးရုံသာမ က တာဝန်အပ်နှင်းခံထားရသည့် ဤပူးပေါင်းဆောင်ရွက်မှုစီမံကိန်းအားဖြင့် ယခုအရှေ့တောင်အာရှနိုင် ငံတွင် FIIAPP က ၎င်းတို့ယူထားသည့် လက်ရှိအခန်းကဏ္ဍကို ဖော်ကျူးပေးပါသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လျှပ်စစ်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ပို့ဆောင်ဆက် သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဒေါ်နီလာကျော် အတူလိုက်ပါပေးလျက် ICEX၊ နိုင်ငံခြားရေးဝန်ကြီး (သို့) ပြည်ထဲရေးဝန်ကြီးဌာန၏ နိုင်ငံတကာရဲတပ်ဖွဲ့ပူးပေါင်းဆောင်ရွက်မှုကော်ပိုရေးရှင်း ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ အခြားသောအဖွဲ့အစည်းများ စသဖြင့် အစိုးရအဖွဲ့အစည်းဌာနများနှင့် ဌာနအဖွဲ့အစည်းဆိုင် ရာအစည်းအဝေးများကို တက်ရောက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံမှုက ဖြစ်ပေါ်လာစေသည်မှာ မြန်မာတို့နှင့်ဆက်ဆံရေးအားခိုင်မာစေခြင်းကိုသော်လည်း ကောင်း၊ နိုင်ငံရေးပိုင်းနှင့် ရဲဌာနတို့မှ အခွင့်အာဏာရှိသူများပါဝင်သည့် အားလုံးညှိနှိုင်းဆောင်ရွက် သော နည်းလမ်းအတိုင်းလုပ်ဆောင်ခြင်းကိုသော်လည်းကောင်း ဖြစ်စေရာဝယ် နိုင်ငံသားများထံသို့ဦး တည်ဝန်ဆောင်မှုပေးခြင်းကို ထွန်းကားစေခြင်းအားဖြင့် လုံခြုံရေးဆောင်ရွက် ပေးနေသောအဖွဲ့အ စည်းများအတွက် အပြောင်းအလဲအား အထောက်အကူပေးရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စီမံခန့်ခွဲမှုနှင့် လုပ်ထုံးလုပ်နည်းများကို ခေတ်နှင့်အညီဖြစ်စေကာ အဖွဲ့အစည်းအလိုက်စွမ်းဆောင် ရည်တိုးတက် စေခြင်းအားဖြင့် ဖြစ်ပါသည်။